အားလုံးမင်္ဂလာပါ

အားလုံးမင်္ဂလာပါ
အားလုံးမင်္ဂလာပါ

Tuesday, December 30, 2014

မောင်စိန်ဝင်း(ပုတီးကုန်း) ယနေ့ရေးတဲ့ကဗျာ

လက်ပံတောင်းကျိန်စာ
လက်ပံတောင်း
အသက်ပေါင်းများစွာစတေး
သွေးနဲ့မော်ကွန်းတင်
ရာဇဝင်သမိုင်းအသစ်
အရိုင်းတစ်ခေတ်ကိုကဗျည်းထိုးပြီ။

ဒါဒို့ရေ ဒါဒို့မြေ
ငါတို့တတွေပိုင်တဲ့တောင်တွေကိုဖျက်
လယ်ကွက်မြေကွက်အဓမ္မလု
မမျှမတတဲ့ လူ့အခွင့်အရေး
အသက်ကိုပါပေးရတဲ့ အဖြစ်
လက်ပံတောင်းတောင်စစ်တလင်း
သွေးချင်းချင်းနီ
ပြည်သူကိုသတ်တဲ့ကျည်ဆံ
သမိုင်းကိုမှန်ပြီးကျန်ခဲ့။
တောပျောက်တောင်ပျောက်
လယ်ပျောက်ယာပျောက်
ရွာပျောက်လူပျောက်
ဖျောက်ချင်တာဖျောက်
ပျောက်ချင်တာပျောက်
ဖျောက်တိုင်းမပျက်
ဖျက်တိုင်းမစင်
ရာဇဝင်ရိုင်း
သွေးသမိုင်းကို
ပြည်သူတွေ တွေးတိုင်းတွေးတိုင်း
နာကျည်းစေ။
မောင်စိန်ဝင်း(ပုတီးကုန်း) ၂၃ -၁၂ -၂၀၁၄

No comments:

Post a Comment