အားလုံးမင်္ဂလာပါ

အားလုံးမင်္ဂလာပါ
အားလုံးမင်္ဂလာပါ

Tuesday, December 30, 2014

“ကဗန္ဓပြိတ္တာဘ၀ကင်းဝေးဖို့ လက်တွေ့(မဘသ)ကိုလေ့လာစို့”


“ကဗန္ဓပြိတ္တာဘ၀ကင်းဝေးဖို့ လက်တွေ့(မဘသ)ကိုလေ့လာစို့”
* * * * * * * * * * * * * * * * * * * * * * * * * * * * *
မဘသ ကို အဖက်ဖက်မှဝေဖန်အပုပ်ချသူတွေအတွက် ထပ်မံဖြန့်ဝေလို့ သတိပေးလိုက်ပါတယ်ခင်ဗျာ။
မိမိသည် (၂၃၊ ၃၊ ၂၀၁၄)နေ့က အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့(မဘသ-ဗဟို)ဥက္ကဋ္ဌ ရွာမဆရာတော်ကြီး ဘဒ္ဒန္တတိလောကာဘိဝံသ(အင်းစိန်)အား သွားရောက်ဖူးမြှော်ခဲ့၏။
ဆရာတော်ကြီးက မိမိကို “ဦးဇင်းရေ ဒီကနေ့ခေတ်က သေနတ်နဲ့ နယ်ချဲ့သည် ခေတ်မဟုတ်တော့ဘူး၊ လူဦးရေ တိုးပွားအောင် လုပ်ပြီး နယ်ချဲ့နေတာ။ အဲဒီလူမျိုးခြား ဘာသာခြားတွေရဲ့ အန္တရာယ်ကို ကာကွယ်နိုင်ဖို့အတွက် ဒီ မ.ဘ.သအဖွဲ့ကြီးကို ဦးဆောင်ပြီး လုပ်နေရတာ”
“တချို့ နိုင်ငံရေးသမားများက အမျိုးသားရေးလုပ်နေတာကို ခြံစည်းရိုးခတ်နေတာလို့ မမြင်ဘဲ အတားအဆီးလို့ ထင်နေကြတယ်။ တပည့်တော်ကတော့ နောက်မဆုတ်ဘူး၊ တတ်နိုင်သမျှ ကြိုးစားသွားမယ်”ဟု မိန့်မြွက်တော်မူ၏။
ဆရာတော်ကြီးသည် အမျိုးဘာသာ သာသနာကို အားပေးသည့် ခေါင်းဆောင်များကို ချီးမြှောက်မည်ဖြစ်သကဲ့သို့ အမျိုးဘာသာ သာသနာကို မျက်နှာလွှဲသည့် ခေါင်းဆောင်များကိုလည်း ဆုံးမသွန်သင်မည်သာ ဖြစ်၏။
ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ ကင်းရှင်းတော်မူ၏။ မည်သူ့မျက်နှာကိုမျှ မကြည့်။ နိုင်ငံ့မျက်နှာကိုသာ ကြည့်တော်မူ၏။ မည်သည့်အဖွဲ့ကိုမျှ မထောက်ထား။ သာသနာ့မျက်နှာကိုသာ ထောက်ထားတော်မူ၏။
တိုင်းပြည်နှင့်လူမျိုးအတွက် အကျိုးရှိမည်ဆိုလျှင် အနစ်နာခံဖို့ စွန့်လွှတ်ဖို့ ခံယူချက်ရှိတော်မူသည့် ဆရာတော်ကြီး ဖြစ်၏။ ထို့ကြောင့် အကျဉ်းထောင်ထဲ၌လည်း ၀ါဆိုခဲ့ဖူးရလေသည်။ ဆရာတော်ကြီးသည် သက်တော် ၇၅-နှစ်ကျော်ပြီ ဖြစ်သော်လည်း အမျိုး ဘာသာ သာသနာအတွက် အားကြိုးမာန်တက် လုပ်ကိုင်ဆောင်ရွက်တုန်းပင်။
မ ဘ သ အဖွဲ့ကြီးသည် ဤကဲ့သို့ ဆရာတော်ကြီး ဦးဆောင်နေသည့် အဖွဲ့ကြီး ဖြစ်၏။ ထိုအဖွဲ့ကြီးကို ပုတ်ခတ်သည်ဆိုတော့ ထိုကဲ့သို့ လူစားမျိုးကို “ကဗန္ဓပြိတ္တာ”ဟု ခေါ်ရန်ရှိတော့သည်။ “ကဗန္ဓပြိတ္တာ”ဆိုသည်မှာ ဦးခေါင်းမရှိသော လည်တိုပြိတ္တာ များဖြစ်၏။
တချို့နိုင်ငံရေးသမားများက မ.ဘ.သအဖွဲ့ကြီးကို ပါတီကြီးတစ်ခုကပဲ ပံ့ပိုးထားသလိုလိုနဲ့ စွပ်စွဲကြ၏။ ထိုသို့ စွပ်စွဲခြင်းသည် မြတ်စွာဘုရားကို စိဉ္စမာဏက စွပ်စွဲသကဲ့သို့ အဓမ္မစွပ်စွဲမှုကြီးပင်တည်း။ အမှန်စင်စစ်ကား မ.ဘ.သ အဖွဲ့ကြီးသည် လွပ်လပ်၍ အမှီအခိုကင်းသော အဖွဲ့ကြီး ဖြစ်ပါသည်။
မ.ဘ.သအဖွဲ့ကြီး၏ မူဝါဒသည် “တံခါးဖွင့်ဝါဒ”ဖြစ်ရကား မ.ဘ.သနှင့်ပတ်သက်၍ သံသယဖြစ်ပါက မ.ဘ.သရုံးချုပ် (အင်းစိန်၊ ရွာမပရိယတ္တိစာသင်တိုက်)သို့ အချိန်မရွေး လာရောက်ဆွေးနွေးနိုင်ပါသည်။
“အမှန်တရားဟူသည် လက်တွေ့ နောက်မှရှိပါ၏” ဆိုသည့်အတိုင်း ကိုယ်တိုင်ကိုယ်ကျ လက်တွေ့စုံစမ်းခြင်းသည်သာ အကောင်းဆုံး ဖြေရှင်းနည်းဖြစ်ပါသည်။ သံသယဖြစ်ဖွယ် အထောက်အထား တွေ့ရလျှင်လည်း ဤအဖွဲ့ကြီးသို့ လာရောက်ဆွေးနွေးနိုင်ပါသည်။ ကျေနပ်အားရလောက်အောင် ဖြေရှင်းပေမည် ဖြစ်၏။
အချို့သောသူတို့ကား ထိုကဲ့သို့ ဖိတ်ခေါ်တော့လည်း မလာ၊ အကြံပြုပါဆိုတော့လည်း မလှုပ်၊ ဆွေးနွေးရအောင်ဆိုတော့လည်း တုဏှီဆိတ်ဆိတ်။ ကွယ်ရာရောက်မှ လက်သီးပုန်းထိုးတော့၏။ ပုဆိုးထဲက လက်သီးဆုပ်ပြတတ်သည့် ထိုကဲ့သို့ ပုဂ္ဂိုလ်များကြောင့် မြန်မာနိုင်ငံကြီးသည် ၀ါးအစည်းပြေသကဲ့သို့ ဖရိုဖရဲ ဖြစ်ခဲ့ရလေသည်။
ဤအဖွဲ့ကြီး၏ နောက်မှာ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မျှ မရှိသကဲ့သို့ မည်သည့်ပါတီအဖွဲ့အစည်းမှလည်း မရှိပါ။ နိုင်ငံခြားအထောက်အပံ့ခံ လက်ဝေခံ အဖွဲ့လည်း မဟုတ်ပါ။ ထို့ကြောင့် မိမိအသင်းမှာရှိသည့် အားအစွမ်းလေးနဲ့ ဘာသာခြား လူမျိုးခြားများ၏ အန္တရာယ်ကို ကာကွယ်နေရခြင်း ဖြစ်သည်။
မ.ဘ.သ အဖွဲကြီး၏ ဦးတည်ချက်သည် “အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး”ပင် ဖြစ်ရကား အမျိုးဘာသာ သာသနာကို အားပေးသည့် မည်သည်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းဖြစ်ဖြစ် လက်တွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
အထူးအားဖြင့် မြန်မာနိုင်ငံ၏ အနောက်ဘက်တံခါး မကျိုးမပေါက်ရလေအောင် စွမ်းအား ရှိသမျှ ကြိုးစားနေခြင်း ဖြစ်သည်။ တစ်ယောက်အားနဲ့ မရသော် တစ်ရာအားနဲ့ ရ၏ဆိုသကဲ့သို့ တိုင်းပြည်နှင့် လူမျိုးကို ချစ်လျှင် အနောက်ဘက်တံခါး မကျိုးပေါက်ဖို့အတွက် မဘသအဖွဲ့ကြီးကို လာရောက်အကြံပေးကြပါလို့ အကြံပြုလိုက်ရပေသည်။
Credit-Day Weinda Ashin

No comments:

Post a Comment