အားလုံးမင်္ဂလာပါ

အားလုံးမင်္ဂလာပါ
အားလုံးမင်္ဂလာပါ

Monday, December 29, 2014

မီးနီအား ဖြတ်သန်း မောင်းနှင်သဖြင့် ယာဉ်တိုက်မှု ဖြစ်ပွားပြီး (၁)ဦးသေ၊ (၃)ဦး ဒဏ်ရာရ


ရန်ကုန်၊ ဒီဇင်ဘာ ၂၉

၂၈.၁၂.၂၀၁၄ ရက်နေ့ ၀၄၀၀ အချိန်တွင် ဒဂုံမြို့နယ်၊ ပြည်ထောင်စု ရိပ်သာ လမ်းအတိုင်း အရှေ့မှ အနောက်သို့ ဒလမြို့နယ်နေ ယာဉ်မောင်း ကိုထွန်းထွန်းနိုင် (၂၇)နှစ်မောင်းနှင်လာသော CC---ပရီမီရို အငှားယာဉ်သည် ပြည်လမ်းနှင့် ပြည်ထောင်စု ရိပ်သာလမ်းဆုံ မီးပွိုင့်အရောက် မီးနီအား ဖြတ်သန်း မောင်းနှင်စဉ် ပြည်လမ်း အတိုင်း မြောက်မှတောင်သို့ လှိုင်မြို့နယ်နေ ယာဉ်မောင်း ကိုထွန်းထွန်း မောင်းနှင်လာသော AA---Mark II အငှားယာဉ်ကို ၀င်ရောက်တိုက်မိ ခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်(၂)စီးပျက်စီးသွားခဲ့သည့်အပြင် CC----ယာဉ်မောင်း ကိုထွန်းထွန်းနိုင်တွင် ယာလက်ခုံပွန်းစုတ်၊ ယာလက်ဖျံစုတ်ပြဲ၊ ရင်ဘတ်အောင့် ဒဏ်ရာများ ရရှိကာ ရန်ကုန်ဆေးရုံကြီး တွင် အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် ကုသခဲ့ရပြီး ၎င်းယာဉ်ပေါ်ပါ ကိုနိုင်နိုင်ဦး (၄၄)နှစ်မှာ နဖူးတွင်ဒဏ်ရာ ရရှိကာ သေဆုံး သွားခဲ့သည့် အပြင် AA---Mark II ယာဉ်ပေါ်ပါခရီးသည် မတခူး(၂၃)နှစ်နှင့် မရွှန်းလဲ့ဖြူ (၂၃)နှစ်တို့(၂)ဦးတွင် ဖူးရောင်၊ နာကျင်ဒဏ်ရာများ ရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ (မစိုးရိမ်ရ)များအဖြစ် တင်ပို့ကုသခဲ့ရ ပါသည်။

ယင်းသို့ မဆင်မခြင်မီးနီဖြတ်မောင်းနှင်သူ CC---- ယာဉ်မောင်း ကိုထွန်းထွန်းနိုင် အား ဒဂုံမြို့မရဲစခန်း ယာဉ်(ပ) ၄၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/၃၃၇/၂၇၉ဖြင့် အမှုဖွင့်လှစ်ကာ အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

Yangon Police
https://www.facebook.com/yangonpolice

No comments:

Post a Comment