အားလုံးမင်္ဂလာပါ

အားလုံးမင်္ဂလာပါ
အားလုံးမင်္ဂလာပါ

Monday, December 29, 2014

လွတ်လပ်ရေးအောင်ပွဲနေ့

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သားငယ်၊ မင့်မျက်ခြယ်သည်
လေးဆယ်ရှစ်ခု၊ ပြည်ထောင်စုတွင်
ဖွားသန့်စင်၍
သခင်ဘ၀၊ ချက်ချင်းရသည်
ဖွားစဆင်သင့် လွယ်လွယ်နှင့်။
မင်းနှင့်ငါကား၊ လိုလားခုံမင်
သခင်ဘ၀၊ ကြီးမှရ၏
မရသေးမီ၊ ရကြောင်းရည်လျက်
ဇာနည်သွေးချွေး၊ ပေး၍ယူကြ
မြင်ခဲ့ရ၏
ဒုက္ခနှင့်ဝယ်၊ ရမလွယ်ကို
တကယ်တို့သိခံစားသိ။
ထို့ကြောင့် သားငယ်၊ မင့်မျက်ခြယ်သည်
မလွယ်ခဲ့ပုံ၊ သာနာစုံကို
အာရုံမျက်မြင်၊ စွဲစေချင်သည်
မင့်တွင်သတိ ရှိပါဘိ။
နှစ်စဉ် ဤနေ့၊ အောင်ပွဲနေ့ဝယ်
နှင်းငွေ့လေပင့်၊ အောင်လံလွှင့်သော်
မင့်တွင်အသိ ဖြန့်ပါဘိ။

No comments:

Post a Comment