အားလုံးမင်္ဂလာပါ

အားလုံးမင်္ဂလာပါ
အားလုံးမင်္ဂလာပါ

Sunday, June 7, 2015

လူမိုက်လည်း သရဲတော့်ကြောက်တာပဲ ,(︺︹︺)

လူမိုက်လည်း သရဲတော့်ကြောက်တာပဲ ,(︺︹︺)

တခါက ရွှာတရွှာမှာပေါ့ အဲဒီရွှာက ပခုက္ကူ မြို့နယ်ကပါ
ရွှာလေးတရွာကပေါ့ ကျနော်နဲ့တော့ ခင်ပါတယ်
သူဘယ်လောက်မိုက်မိုက် ဘယ်လောက်ဆိုးဆိုးပါ
ကျနော့်အမြင်တော့ သူက အမှန်ကို ပြောရဲသူတယောက်ပါ
ရွှာရဲ အဝင်လမ်းမှာ တမာတန်းရှိတယ် ကျနော်တို့ ရွှာပါပဲ
သစ်တပင် ခုတ် ထောင်သုံးနှစ်လို့ ရွာအဝင်က တမာပင်မှာ
ရေးထားပါတယ် ကျနော် မလေးမရောက်ခင်ထိ
အဲဒီစာ ရှိနေခဲ့ပါတယ် အခုချိန်ထိ ရှိနေမလားဆိုတာတော့
ကျနော်မသိတော့ပါ ထားပါတော့ သူ့အကြောင်းကို အရင်ပြောခွင့်ပြုပါ
သူက ဘယ်လို ဆိုးသလဲ ဆိုတာကိုပေါ့
အခုတော့ သူက သံဃာလို အမည်တပ်လို့ရတဲ့
သင်္ကန်ဝတ် ရဟန်းတပါး ဖြစ်နေပါပြီ
သူ့ကို ပုတ်ခတ်ခြင်း စော်ကားခြင်း တစုံတရာ
ကျနော့်စိတ်တွင် မရှိပါ
ရိုသေ လေစား မှု အပြည့်ရှိခဲ့ပါသည်
မှန်တာပြောက ကျနော့်ဘဝ တလျှောက် ဆင်ရဲခြင်းဝေးပါစေ
အမှားပါခဲ့က အခုစာဖတ်နေသူ အားလုံးရဲ့ ကျိမ်စာ စူးရပါစေ
သူဆိုးတာ ပြောရလျှင် မိဘကို ကြိမ်းမောင်း ပြောဆိုတတ်သူ
တယောက်ပါ စာတွေ အများကြီးရေးဖို့ အခက် အခဲ့တခု
ရှိနေပါတယ် ထို့ကြောင့် လိုရင်း သာ ပြောပါရစေ
သူ့ဘဝအတွေ့အကြုံပေါ့ ကျနော့်အဖေနဲ့ အရမ်းခင်တော့်
သူပြောပြခြင်း ဖြစ်သလို သူ့စကားကိုလည်း
ကျနော် ယုံကြည့်မှု အပြည့်ရှိခဲ့ပါတယ်
တခါကပေါ့ ကျနော်တို့ နယ်ဘက်မှာ ဓားပြဗိုလ် မောင်စံ
ရှိတယ် သူက ဖဲသမားပါ သူနဲ့ကျော်တို့ရွှာက လူမိုက်ဆိုသူနဲ့
ဖဲဝိုင်မှာ အကြိမ်ကြိမ်တွေ့ဖူးပါတယ် ဒါပေမဲ့ မောင်စံ နိုင်တာ
အင်မတန်နဲပါတယ် သူပဲနိုင်တာ များခဲ့ပါတယ်
တနေ့ မောင်စံ အဖမ်းခံရပါ ရဲတပ်ဖွဲ့က သူရဲ သနတ် ပြစ်ကျွမ်းတဲ့ လက်ကို
အကြေားပြတ်သည်ထိ ထုချေခဲ့ကြပါတယ်
၂နှစ်လောက် အကြာမှာ မောင်စံပြန်လွတ်လာတယ်ပေါ့
အဲဒီမှာပဲ သူနဲ့ ဖဲဝိုင် တခုမှာ တွေ့ကြတယ်
သူက နိုင်တော့ ပြန်မယ်ပေါ့
အဲဒီမှာ ရှုံးနေတဲ့ မောင်စံက ပြောတယ်
မင်ဆက်ရိုက်ရမယ်ပေါ့ ငါဘယ်သူလဲ ဆိုတာသိလားလို့ မိုက်ဂုဏ်ပြတာပေါ့
အဲဒီတော့ သူက ပြောတယ် လက်နှစ်ဘက်ရှိတုန်ကတောင် သူဂရုမစိုက်တာ
လက်တဖက်ပဲရှိတော့တဲ့ မင့်ကို ဂရုစိုက်စရာလို့ပြောတော့
တိုက်ကြ ခိုက်ကြတယ်ပေါ့ တပြည့်များတဲ့ မောင်စံတို့ အဖွဲ့က ဝိုင်ဆော်တော့ သူခံရတာပေါ့
အဲဒီအချိန်မှာ သူထန်းပင်ခြေရင် လှဲကသွားချိန် မောင်စံတပြည့်က ဓားနဲ့ ဝင်ထိုးပါရော
ကံကောင်းတာက သူ့ကို မထိုးမိဘူး နောက်က ထန်းပင်ကို ထိုးမိတာပါ အကျီင်္တော့ ပြဲသွားတပေါ့
ကပ်ပြီးထိုမိတာဆိုတော့ အဲဒီအချိန်မှာပဲ သူက ထပြောတယ် မင်းတို့ ငါ့အကြောင်း မသိကြဘူးလားပေါ့
ဓားမပြောနဲ့မင်တို့ဆရာကိုင်တဲ့ သေနပ်ကိုတောင် မကြောက်လို့ ဖဲအတူရိုက်နေတာလို့ ပြောတော့
ဘယ်ရမလဲ မောင်စံအပါအဝင် သူ့တပည့် အကုန်ပြေကြတော့ တာပေါ့တဲ့
သူပြောပြခြင်ပါ အဲဒါသူဖိန့်ကောင်းလို့ မသေခဲ့တာပါ ဘာမှမတတ်ပါဘူး
ဖဲသမားဆိုတော့ အသုဘအိမ်မှာ ဖဲသွားရိုက်တတ်တာ သဘာဝပါ
တနေ့မှာပေါ့ သူဖဲရိုက်လို့ ပြန်လာမှာ တွေ့ရတဲ့ အဖြစ်က ကျနော်ဆို သေပြီ
ထားပါ အပြန် လမ်းခုလတ်မှာပေါ့ မူးနေသော သူ့အတွက် လူမိုက်အချင်ချင်တောင် ကြောက်နေတဲ့ရပါတယ်ဆိုတဲ့ သူ့အတွက်ပေါ့
အပြန်လမ်းမှာ သစ်ပင်တပင် ခြေရင် လူကောင် ခပ်သေးသေးလေက သူကို မေးပါရော
မင်းသတ္တိကောင်လှချည်းလား ငါ့မြင်တာတောင် တချက်ကလေး နောက်မတွန့ လျှောက်လာရဲတာ ငါ့ကို စိန်ခေါ်တာလားတဲ
အာ့တော့ သူကလည်း လူမိုက်ပဲ မင့်မပြောနဲ့ မင့်ထက် ကြီးတာတောင် မကြောက်ဘူးဆိုပြီး
ဝင်ထိုး ဝင်လုံးတာပေါ့ အမှန်က သူသရဲမှန်း မသိပါဘူး လူပဲထင်ပြီး ဝင်ဆော်တာ
သူအနားရောက်တော့ ပြောက်သွားတယ် နောက်ကနေ ငါ့ကိုရောလို့ နောက်က အသံကြားလို့ လှည့်ကြည့်တြာ
ထန်းပင်လောက်ကြီးဆိုတော့ သူသိလိုက်ပြီ သရဲပေါ့ မူးနေတော့ လုံးထွေးသတ်ပုတ်ခဲ့တာပဲတဲ့
ဒါပေမဲ့ သူက စကားတခွန်းတော့ ပြောခဲ့တယ်တဲ့ ငါမင့်ကို ရန်လိုခြင်း မရှိဘူး မင်က ငါ့ကို ထိန့်လန့်အောင်လုပ်တယ် ငါအရှုံးပေးခဲ့ရင် မင့်ငါကို သတ်လို့ရတယ်လို့ ပြောပြီး နပန်းလုံးခဲ့တော့ လူနဲ့နာနာဘာဝ ဘုန်ကန်ကွာတော့ နာနာဘာဝက အလျော့ပေးခဲ့ရတယ်ပေါ့ ရှုံးတာမဟုတ်ပါဘူး အလျော့ပေးလိုက်ခြင်ပါလို့ သူနှုတ်ဖြားက ကိုယ်တိုင်ပြောခဲ့ခြင်းပါ သူဆိုတာ လူမိုက်ဆိုသော သူကို ရည်ရွယ်ပါသည် တရွှားလုံး အတိအကျ မသိတောင် အခုကျနော် ပြောပြသလောက်တော့ လူတိုင်း သိကြပါသည် အဲဒီနောက်ပိုင် တွင်တော့ သူသာသနာ့ဘောင်တွင် ရောက်ရှိနေပါပြီ ခုချိန်ထိ ဘယ်ကျောင်းမှာမှ သတင်မသုံးပဲ တေားတောင်ကြားမှ သစ်ပင်ကြီးများအောက်တွင် တဲထိုး၍ တလထက် ပိုမနေပဲ သီတင်း သုံးလျှက်ရှိနေပါသည် ရွှာလူကြီး ထန်နောင်ပင် ခုတ်သော အချိန်ကလဲ သူကိုယ်တိုင် ရွှာအဝင် တမာပင်မှာ ချိတ်ထားတဲ့ စားကို ပြပြီး ဒါက ငါတို့အတွက်ပဲ ရေထားတာလားလို့ လူအများရှေ့မှာ မေးခဲ့တာပါ ရမန်ကြီးတပတ် အချုပ်ကြခဲ့ရပါတယ် အာဏာရှိသူကို အရှက်ခွဲလို့လို့ပဲ သတ်မှတ်ပါသည်

No comments:

Post a Comment