" ဖရိန် နံပါတ် 136 "
ဒီနေ့ စအလုပ်ဆင်းတယ်…………
အလုပ်က စရောက်ရောက်ခြင်းလေ…
နယိမြေ နေရာကသိပ်မသိသေးတော့
လောလောဆယ်ရုံးထိုင်စာရေး
ဒါနဲ့ပြောရရင်"
ကျွန်တော်က တပ်ကြပ်ကြီးအောင်စိုး ပါ"
အရင်နေပြည်တော်မှာခု ကတာဝန်ခတ္တ နဲ့
ကျိုင်းတုံ ကိုရောက်လာတာ ………
ဒါနဲ့ရုံးရောက်ပြီး >>>
၃ ရက်မြောက်မှာ ဘဏ် ကိုငွေလွှဲဖို့ဆို
တာနဲ့ဘဏ်ကိုသွားလိုက်တာခြေ ကျင်ပေါ့
ဝေးကလဲဝေး နေကလဲပူနဲ့တော်တောပင်ပန်းသွားတယ်အဲ့နေ့က…
ဒါနဲ့ အကြံရတယ် ကျိုင်းတုံဆိုတာက …
ဆိုင်ကယ်မြို့တော်မလား"
ဘယ်သွားသွားဆိုင်ကယ်လေးရှိရငိ အဆင်ပြေ နေတယ်
ဒါပေမဲ့ကျွန်တော်က ခတ္တ ခဏပဲနေမှာဆိုတော့
ဆိုင်ကယ်အသစ်ကို ဝယ်မဲ့အစား ရုံးမှာ ရှိတဲ့
ဆိုင်ကယ်ထဲကပဲယူစီးဖို့အကြံ ရသွားတယ်
ဒါနဲ့ ရုံးက ဗိုလ်ကြီးကိုခွင့်တောင်းပြီး ဆိုင်ကယ်တစီးကို ယူထုတ်တယ်
ဆိုငိကယ် ကခဲရောင်wave တရုတ်JLM လေ"
ဒါနဲ့ ဆိုင်ကယ်လေးရှိတော့သွားဖို့လာဖို့ရောပိုမို အဆင်ပြေလာတယ်
ဒါပေမဲ့ "
တနေ့မှာ ဆိုင်ကယ်ကထူးခြားမှုတွေပြတော့တာပဲ
နေတာကလိုင်းခန်းမှာ လေ
ကျွန်တော့အမျိုးသမီးက ပြောတယ်
ညအပေါ့သွားတဲ့အချိန်မှာ ဆိုင်ကယ် အပေါ်မှာ အသက် 30
ဝန်းကျင်လူငယ်တစ်ယောက် ခေါင်းငိုက်ပြီးထိုင်နေတာ
မြင်တယ်ပြောလာတယ်…………
ကျွန်တော်လဲတစ်ခါက ကျွန်တော့မိန်းမ ပြောသလိုမြင်လိုက်ရတယ်
တစ်ကယ်ပဲလူငယ်တစ်ယောက် ဆိုင်ကယ်ပေါ်တက်ခွနေတာ
ဒါပေမဲ့အိပ်ချင်မူးတူးကြောင့်လို့ပဲကယောင်ကမှားမြင်မိတယ်ပေါ''
တစ်နေ့မှာအဲ့နေ့က ညဂျူတီလေ ရုံးမှာ ဒါပေမဲ့ ည10:30ထိ
လေ အပြန်မှာကံဆိုးမှုကစတော့တာပဲ……
ဆိုင်ကယ်ကို မောင်းနေရင်းနဲ့ လက်ကိုင်ကို အရမ်းသန်မာတဲ့
လူတစ်ဦးဦးက ဆွဲလှဲ နေတာ လက်ကိုင် ကိုဘယ်လိုမှ ဆက်မထိန်း
နိုင်တော့ပဲ ဆိုင်ကယ်မှောက်တော့တာပဲ
ဒါဏ်ရာတော်တော်ရလိုက်တယ်………
တစ်ပတ်ရုံးမတက်နိုင်ဘူး………
ဆိုင်ကယ်က ဘာမှ သိပ်မဖြစ်ဘူး ထူးဆန်းချက်…
ဒါနဲ့ဒါဏ်ရာသက်သာတော့ ထုံးဆန်တိုင်း အဲ့ဆိုင်ကယ်နဲ့ပဲ
ရုံးပြန်တက်ရတယ်နောက်တစ်စီးနဲ့ချိန်းခိုင်းဖို့ဆိုတာလဲ
အကြောင်းပြချက်က မရှိအရာရှိတောင်ဆူအုံးမှာ
ဒါနဲ့ ရုံးဖိုင်တွေထဲမှာ ဒီဆိုင်ကယ်
ဘာလို့အသိမ်းခံရလဲပြန်ကြည့်တော့
လားဟူ လူငယ်တစ်ယောက် ဆိုင်ကယ်
က ကားအကျော် မှောက်ပြီး ပလက်ဖေါင်းနဲ့ နောက်ခေါင်းနဲ့
ရိုက်၍သေဆုံးတဲ့ ကျွန်တော်လဲလန့်မိတာပေါ့
ဒါနဲ့ကျွန်တော်ခင်တဲ့ဘုန်းကြီးကျောင်းမှာ
သွားပြီး ဘုန်းကြီးဆီမှာ ပရိတ်ကြိုး အနဲငယ်ချည်
ဆိုင်ကယ်မှာ မှာချည်ပြီး ဘုန်းကြီးပြောခိုင်းတဲ့
အတိုင်းဒီဆိုင်ကယ်မှာရှိတဲ့မမြင်တဲ့ နာနာဘဝတွေ
နင်တို့လည်းနင်တို့ဘာသာနေ ငါ့ကိုမနှောက်ယှက်နဲ့
ဆိုပြီးပရိတ်ရည်တွေဖြန်းပေါ့
အဲ့နောက်ပိုင်း ခြောက်တာ ဆွဲတာမဖြစ်တော့ဘူး
ဒါပေမဲ့အဲ့လိုငြိမ်သက်မှုတွေ
ငြိမ်းချမ်းမှုတွေကခဏတာပါ ဘာလို့ဆိုတော့
တနေ့မှာ ဆိုင်ကယ်ကိုဈေးမှာရပ်ထားတုန်း
အခိုးခံရတော့တာပဲ……
အကျယ်လဲမချဲ့ရဲ ကိုယ့်ပေါင်ကိုလှန်သလိုဖြစ်မှာလေ
ဆိုင်ကယ် ကိုလဲ တိတ်2လေးရှာနေရတာ…
စိတ်လဲမကောင်းဘူး လိမ္မာတဲ့ ခွေးလို
ဆိုးတုန်းက လျော်နေရတာ
ခွေးလိမ္မာပြန်တော့သေသွားသလိုဖြစ်နေတာ
ဒါနဲ့ကျွန်တော်လဲဆိုင်ကယ်အသစ် တစ်စီး ဝယ်လိုက်ရတယ်
ရှာနေတာလဲမေ့မေ့ပျောက်ကို ကြာမိတယ်
တနေ့မှာ
ကားကိုကျော်တက်ရင်းဆိုင် ကယ်တစ်စီးမှောက်တယ်
သတင်းရတာနဲ့ သွားရောက်စစ်ဆေး လိုက်တော့
ကျွန်တော်အံ့သြမိတယ်
ကျွန်တော့ရဲ့ပျောက်သွားတဲ့ ဆိုင်ကယ်ဖြစ်နေတယ်
စီးတဲ့လူကတော့ပွဲချင်းပြီး ဆုံးသွားတယ်အဲ့ဒီနေရာမှာ
ဆိုင်ကယ်တော့ပြန်တွေ့လိုက်ပါပြီ ဒါပေမဲ့ရစရာ
မရှိအောင် ပျက်စီးနေပြီလေ
ဒါနဲ့တနေ့မှာကျွန်တော် ဆိုင်ကယ်အပျက်တွေထားတဲ့နား
သွားကြည့်လိုက်တော့
ကျွန်တော့ရဲ့တချိန်က စီးတော်ကြီးက တော့ငြိမ်သက်လျှက်
ဒီအတိုင်းပဲ့မိုးထဲရေထဲနေပူထဲမှာ ပျက်စီးမလား
သံရည်ကျိုစက်ထဲမှာပဲ ပျောက်ကွယ်မလားပေါ့
အမှတ်တရအနေနဲ့သေရှာအနီးကပ်ကြည့်လိုက်တော့
ဖရိမ်နံပါတ် သူများဆိုင်ကယ်တွေလို
ကိုးလုံး ဆယ်လုံးမဟုတ်ပဲ
ဖရိမ်နံပါတ် 136" တဲ့
ဆိုင်ကယ်အပျက်တွေနေရာ ကအပြန်မှာ
ကျွန်တော် စဉ်းစား မိတယ်
ဆိုင်ကယ်မှောက်ပြီးသေသွားတဲ့
ဒုတိယလူငယ် လဲကျွန်တော့လိုပဲတစ်ခါ
ကလို ဆိုင်ကယ်လက်ကိုင်ကို တစ်ဦးဦး ဆွဲတာပဲခံလိုက်ရလား
ဆိုတာတွေးရင်းကြက်သည်းထမိတယ် "
ဆက်လက်ကြိုးစားပါအုံးမည်
SaI SEAL
ွ
No comments:
Post a Comment