အားလုံးမင်္ဂလာပါ

အားလုံးမင်္ဂလာပါ
အားလုံးမင်္ဂလာပါ

Sunday, June 28, 2015

မရဏကျွန်း(၂)

မရဏကျွန်း(၂)


ပေါက်ရောက်နေသောသစ်ပင်ကြိးများကလည်းကြိးမားကာဝါးနှစ်ပြန်သုံးပြန်စာလောက်ကိုမြင့်မားသည်တန်ဖိုးကြိးသောကျွန်း ပျဉ်းကတိုး အင်
အစရှိသောသစ်ပင်ကြိးများမှအစတခြားအမည်မသိသောတန်ဖိုးကြိးအပင်များလည်းများပြားလှသည်
ကိုထွန်းတင်ဒီကျွန်းနာမည်ကဘာတုန်းဗျ
ကျွန်တော့အမေးကိုကိုထွန်းတင်က
အဲ့ဒါတော့ငါလည်းမသိဘူးဟငါလည်းဒီကျွန်းကိုအခုမှရောက်ဖူးတာ
ဟုဆိုကာသူလည်းကျွန်းကိုအသေအချာကြည့်နေတော့သည်။အားလုံးလည်းအဆင်သင့်ဖြစ်ရောမနေ့ကအားချင်းတည်ဆောက်ထားသောရွက်ဖျင်တဲများကိုဖျတ်ကာခိုင်ခိုင်ခံ့ခံ့အသစ်ပြန်ဆောက်လိုက်သည်ကမ်းစပ်တွင်လည်းမိးပုံကြိးဖိုကာအသက်ကယ်သင်္ဘောများလာလျင်မြင်သာအောင်အင်္ကျီတခုနှင့်အလံထောင်ထားလိုက်သည်ညသို့ရောက်သောအခါနှစ်ယောက်အတွဲစီတွဲကာအလှည့်ကျကင်းစောင့်ရသည်သန်းခေါင်ယံအချိန်သို့အရောက်ဝယ်
အားးးးးးးးးးးးးးးးးးးးးးးးးး
အော်သံကြောင့်ကျွန်တော်တို့လည်းလန့်နိုးလာသည်တဲအပြင်သို့ထွက်လာလိုက်သည်နောက်ဖက်အသံကြားရာဖက်သို့ဓာတ်မိးများ မိးတုတ်များနှင့်
လူစုကာသွားကြည့်လိုက်သည်အနောက်ဖက်သို့အရောက်ဝယ်သစ်ပင်တပင်၏အောက်တွင်ပက်လက်လန်ကာသေဆုံးနေသောအလောင်းတလောင်းကိုတွေ့ရသည်။ထွန်းတင်လည်းစိတ်မကောင်းသည့်မျတ်နှာဖြင့်
အခုချိန်ကင်းစောင့်ဖို့အလှည့်ကျတာဘယ်သူလဲ
အားလုံးတိတ်ဆိတ်နေသောကြောင့်ကိုထွန်းတင်အသံကဟိန်းထွက်သွားသည်
ကျွန်တော်ရယ်သာလှရယ်ပါ့ကိုထွန်းတင်သူကအပေါ့သွားအုံးမယ်ဆိုပြိးထသွားတာအခုလိုဖြစ်ရတာပါပဲဗျာ
ဖြစ်ရလေသာလှရယ်
သူတို့အချင်းချင်းစကားပြောနေတုန်းကျွန်တော်လည်းအလောင်းကိုလိုက်ကြည့်နေတော့သည်
ထို့နောက်အလောင်းကိုသယ်ကာမိးပုံဘေးတွင်ထားလိုက်သည်အားလုံးမအိပ်သေးဘဲမိးပုံဘေးတွင်စကားဝိုင်းဖွဲ့ကာပြောနေကြသည်ညဥ့်အတော်နက်လာတော့တယောက်ပြိးတယောက်ရွက်ဖျင်တဲထဲဝင်ကာအိပ်ကုန်ကြသည်
ကဲအခုချိန်အလှည့်ကြကင်းကဘယ်သူလဲ
ဟိုက်
သေပြီငါ့အလှည့်ဟဟုစိတ်ထဲမှပြောလိုက်သည်ပထမတော့မသိချင်ယောင်ဆောင်နေလိုက်သည်နောက်တော့ကိုထွန်းတင်ကကျွန်တော့ဘက်လှည့်ကာ
ကိုယ့်ဆရာခင်ဗျားအလှည့်မလား
ဗျာ!!!!!!!!!!
သြော်ကင်းအလှည့်ကျတာကိုပြောတာပါ
တော်ပါသေးရဲ့သာလှသေတာမှမကြာသေးဘူးခင်ဗျားအလှည့်လားဆိုတော့လူကိုပူထူသွားတာပဲ
ဟုတ်ပါတယ်ကိုထွန်းတင်
ဒါဆိုလည်းရဲဘော်ဆတ်လုပ်ကျွန်တော်တော့အိပ်ပြီဟုဆိုကာဝင်သွားတော့သည်
အချိန်ကတဖြည်းဖြည့်းကြာလာသည်နှင့်အမျှအမှောင်ထုကလည်းတဖြည်းဖြည်းကြိးစိုးလာသည်ကျွန်တော်နှင့်အတူတွဲဖက်ကလည်းစိတ်ချရသည်ငုတ်တုတ်ကြိးအိပ်နေသည်ကျွန်တော်လည်းသာလှအလောင်းကိုကြည့်လိုက်အိပ်နေတဲ့ကင်းစောင့်ကိုကြည့်လိုက်နှင့်ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေသည်
ဟင်!!!!!!!အ အ အလောင်းဘယ်ရောက်သွားပြိလဲ
ခုနကပက်လက်လှန်နေသောအလောင်းမရှိတော့စိတ်ပူသွားသည်အဲ့ဒါနဲ့အိပ်နေသောကင်းစောင့်ကိုနှိုးရန်မက်တပ်ရပ်မည်အပြုတွင်အေးစက်နေသောအရာတခုကပခုံးကိုလာကိုင်သည်ကျွန်တော်လည်းလှည့်ကြည့်ရာ
သာ သာ သာလှ မင်းသေသွားပြီလေ
သာလှကမျတ်လုံးနီကြိးနှင့်စိုက်ကြည့်နေသည်
အား!!!!!လာကြပါအုံးဗျာဒီမှာသာလှကျွန်တော့အဝှာကိုကိုင်နေလို့!!!!""
ကျွန်တော့အော်သံကြောင့်ရွက်ဖျင်ထဲကလူတွေပြေးထွက်လာကြသည်သာလှကတော့ကျွန်တော့ကိုမလွှတ်သေး
ဘာကိုကိုင်နေတာလဲသာလှဘယ်ကိုကိုင်နေလဲဆရာ
ကိုထွန်းတင်ပြောမှသတိရသွားပြိး
ပခုံးဗျခင်ဗျားကလည်းဒီမသာကြိးကိုဝိုင်းဆွဲကြပါဗျာ
အားလုံးပဲသာလှကိုဆွဲသူဆွဲကျွန်တော့ကိုဆွဲသူဆွဲနှင့်ဟိုဘက်တိုးလိုက်ဒီဘက်တိုးလိုက်ဆိုသလိုဖြစ်နေသည်ထိုအချိန်မှာပဲကိုထွန်းတင်တပည့်တယောက်ကအနိးတွင်ရှိသောမိးတုတ်နှင့်ကျွန်တော့ပခုံးကိုကိုင်ထားသောသာလှလက်ကိုရိုက်ချလိုက်မှပြုတ်သွားသည်သာလှကား နီရဲနေသောမျတ်
လုံးပြူးပြူးကြိးနှင့်
ထွက်သွား ထွက်သွားကြစမ်းဟားဟားဟားမသွားလို့ကတော့ငါနဲ့တွေ့မယ်မင်းတို့အားလုံးသေကြရမယ်ဟားဟားဟား ဟုကြောက်မက်ဖွယ်အသံနက်ကြိးဖြင့်ပြောနေတာ့သည်အခြေနေကိုသဘောပေါက်သောကိုထွန်းတင်က
ကျွန်တော်တို့သင်္ဘေပျတ်လို့ခဏတည်းခိုနေတာပါလာကူညီမဲ့သူရှိရင်ထွက်သွားပေးပါ့မယ်
ထိုသို့ပြောနေသော်လည်းသာလှကိုဝင်ပူးထားတဲ့သရဲက
ငါ့ကျွန်းကနေထွက်သွားကြစမ်းမသွားလို့ကတော့အကုန်အသေပဲဟားဟားဟား
ရယ်သံကတကျွန်းလုံးပြိုကျမတတ်ကျယ်လောင်လွန်းလှသည်ခဏအကြာတွင်သာလှလဲကျသွားသည်ချက်ချင်းဆိုသလိုပဲကိုထွန်းတင်ကသင်္ဘောဆီတွေကိုယူကာသာလှအလောင်းပေါ်သို့သွန်ချကာမိးရှို့လိုက်သည်
နောက်နေ့မနက်တွင်ကမ်းစပ်သို့သင်္ဘောသုံးလေးစိးလောက်ကမ်းကပ်လာသည်အားလုံးပဲပျော်သွားသည်ကသူတွေက ခုန်သူတွေခုန်ကာသင်္ဘောကမ်းအကပ်ကိုစောင့်နေလိုက်သည်သင်္ဘောအပေါ်ကလက်ပြနေသောအဖေ့ကိုကျွန်တော်တွေ့လိုက်ရသည်
သင်္ဘောကမ်းသို့အရောက်ဝယ်အဖေက
စိတ်ပူလိုက်ရတာသားရယ်ဘာဖြစ်သွားသေးလဲ
ဘာမှမဖြစ်ပါဘူးအဖေသာလှတော့ဆုံးပါးသွားပြီ
ကျွန်တော့စကားကိုအဖေမထူးဆန်းသည့်အလားပြုံးပြသည်
ဒီကျွန်းကကျွန်းစောင့်တစ္ဆေကြောင့်မလား
ကျွန်တော်ခေါင်းငြိမ့်ပြလိုက်သည်
ဒီကျွန်းကိုအဖေငယ်ငယ်တုန်းကရောက်ဖူးတယ်အဖေ့သူငယ်ချင်းတွေလည်းကျွန်းစောင့်တစ္ဆေလက်ချက်နဲ့သေတဲ့သူသေကွယ်လွန်တဲ့သူကွယ်လွန်ပေါ့ကွာ
ဟာ
အဖေကလည်းသေတာချည်းပဲ
ကျွန်တော့စကားကိုအဖေကဒေါသထွက်သွားသည့်အလား
ခွီးထဲမှပဲမင်းအမေလင်ငါတယောက်ထဲအသက်ရှင်တာကွငါ့သူငယ်ချင်းတွေအကုန်သေတယ်အဲ့ကျွန်းစောင့်တစ္ဆေဝင်ပူးပြိးတယောက်ပြိးတယောက်လိုက်သတ်တာကံကောင်းလို့ငါမသေတာကဲအားလုံးသင်္ဘောပေါ်တတ်ကြအပေါ်ရောက်မှရှင်းပြမယ်
အဖေပြောပြသောကျွန်းစောင့်တစ္ဆေ
ခုနှစ်၁၅၈၆လောက်အင်္ဂလိပ်လောက်သို့မြန်မာတွေကျရောက်ချိန်ဖြစ်သည်။သာစည်ရွာတွင်ဓားပြဗိုလ်မိုးညိုဆိုသူရှိသည်သာမာန်နေ့လည်းအချိန်ဆိုလျှင်အရက်ဆိုင်လေးသွားလိုက်ထန်းတောထဲဝင်လိုက်နှင့်အလုပ်ရှုတ်နေသည်သူ့အလုပ်ကားဓားပြဆိုတော့ထိုနေရာများတွင်သတင်းသွားယူခြင်းဖြစ်သည်အဲသတင်းရပြိဆိုလျှင်ညဖက်ကျလျှင်ဓားပြသွားတိုက်ကာစိန်ရွှေရတာနာများကိုသိမ်းထားကာမြေမြုတ်ထာသည်တနေ့တွင်ရွာထဲတွင်အခြေအနေမကောင်း၍သူမြုတ်ထားသောပစ္စည်းများကိုယူကာဧရာဝတီတိုင်းဖက်ကိုထွက်လာကာဇာတ်မြုတ်ပြိးနေရန်စိတ်ကူးလိုက်သည်ထိုသို့အသွားတွင်သင်္ဘောမုန်တိုင်းမိကာထိုကျွန်းပေါ်သို့ရောက်လာသည်သူနှင့်အတူအသက်ရှင်ကျန်ခဲ့သောသူများကိုတယောက်ပြိးတယောက်လိုက်သတ်တော့သည်အဘယ့်ကြောင့်ဆိုသော်သူ၏ရွှေရတာနာများကိုယူမည်စိုးသောကြောင့်ဖြစ်သည်နောက်ပိုင်းတွင်ရောဂါများတခုပြိးတခုဆတ်တိုက်ဝင်လာကာသေဆုံးသွားပြိးထိုကျွန်းပေါ်တွင်ကျန်ခဲ့သောစိန်ရွှေရတနာများကိုစိတ်စွဲကာကျွန်းစောင့်ကြိးဖြစ်နေပြိးသင်္ဘောပျတ်ပြိးရောက်လာသူတွေအတွက်တော့ထိုကျွန်းကမရဏကျွန်းအဖြစ်တည်ရှိနေတော့သည်
ကျေးဇူးအထူးတင်ရှိပါကြောင်း
WRITER=MG K LAYူ

No comments:

Post a Comment