DDos တိုက်ခိုက်မှုထဲက အမျိုးအစား နှစ်ခုကိုပြောပါမယ်၊
Smurf Attack
များသောအားဖြင့် Smurf attack packet တွေဟာ ICMP ECHO Request(Ping) တွေဖြစ်တတ်ကြပြီး ICMP ECHO Reply တွေရအောင် လုပ်ဆောင်နိုင်ကြပါတယ်။ ဒီ Smurf Attack ရဲ့ထူးခြားချက်တစ်ခုက Packet တွေက အဆပေါင်း ရာထောင်ချီအောင် ချဲ့ပေးနိုင်ခြင်းပဲဖြစ်ပါတယ်။
Fraggle Attack
Fraggle Attack ဆိုတာ Smurf Attack နဲ့ဆင်တူပြီး Network ထဲကို Attacker က Character Packet အမြောက်အမြားကို လွှတ်ပေးတာပဲဖြစ်ပါတယ်။ Smurf Attack နဲ့မတူညီတဲ့အချက်ကတော့ Smurf က ICMP ECHO packet ကို အသုံးပြုပြီး Fraggle က UDP ECHO packet ကို အသုံးပြုခြင်းပဲဖြစ်ပါတယ်။ Fraggle attack ဟာ Target Unix machine တွေရဲ့ Character Generation (Port 19/ Chargen) ကို UDP ECHO packet တွေ ပို့လိုက်ပါတယ်။ UDP ECHO packet ပို့လိုက်တဲ့အတွက် Target Unix machine ရဲ့ ECHO service (Port 7) ကနေ Reply ပြန်ပြီး အဆုံးမရှိတဲ့ Loop တစ်ခုဖြစ်လာပါတယ်။ ဒါဟာ target machine ကို အလုပ်များစေနိုင်ပြီး Dos attack ဖြစ်လာပါတယ်။Fraggel Attack ဟာ Broadcast Network ထဲက Character Generation ရှိတဲ့ စနစ်တိုင်းကို အကျိုးသက်ရောက်စေပါတယ်။ Character ပါတဲ့ Packet တစ်ခုကို attacker ကနေ ပို့လိုက်တိုင်း target machine ကနေ reply လုပ်ရတယ်။ ဒီဖြစ်စဉ် အကြိမ်ကြိမ်ဖြစ်လာတဲ့အတွက် target machine ရဲ့ စွမ်းဆောင်ရည် ကျလာပြီး ပုံမှန်လုပ်ဆောင်ချက်များကို မစွမ်းဆောင်နိုင်တော့ပါဘူး။ Smurf attack ထက် Fraggle attack ကပိုပြီး အထိနာအောင် တိုက်ခိုက်နိုင်ပါတယ်။
Credit _ http://sniffer.blog.com
No comments:
Post a Comment