အားလုံးမင်္ဂလာပါ

အားလုံးမင်္ဂလာပါ
အားလုံးမင်္ဂလာပါ

Saturday, January 3, 2015

ပါ​လက်စ​တိုင်း ဘဏ္ဍဍာ​ငွေ​ကို ပိတ်​ဆို့​မယ်

ICC အဖွဲ့ဝင် အဖြစ် ပါလက်စတိုင်း လျှောက်ထား ခဲ့မှုကို အစ္စရေးက တုန့်ပြန် ဆောင်ရွက် လာတာပါ။
ပါလက်စတိုင်း အစိုးရ ဆီကို ဝင်ရောက်မယ့် ဘဏ္ဍဍာ ငွေတွေကို အစ္စရေးက ထိန်းချူပ် လိုက်ဖို့ ရှိတယ် ဆိုပြီး အစ္စရေး အာဏာပိုင် တွေက ပြောလိုက် ပါတယ်။

နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံး ICC ရဲ့ အဖွဲ့ဝင် ဖြစ်ဖို့ ပါလက်စတိုင်း က လျှောက်ထား ခဲ့ အပြီး နောက် တစ်ရက် မှာ အစ္စရေး ဘက်က အခုလို တုန့်ပြန် ဆောင်ရွက် လာတာ ဖြစ်ပါတယ်။

ပါလက်စတိုင်း အစိုးရ ရဲ့ ဘတ်ဂျက်ငွေ အဖြစ် လွှဲပြောင်း လာမယ့် ဒေါ်လန် သန်းပေါင်း ၁၂၅ သန်း ကို ပိတ်ဆို့ဖို့ အစ္စရေး အစိုးရ ကက်ဘိနက်က ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း အစ္စရေးဘ က်က ပြောပါတယ်။

ဒါဟာ တရားမဝင် လုပ်ရပ် ဖြစ်တယ် ဆိုပြီး ပါလက်စတိုင်းက တုန့်ပြန် ပြောဆို ထားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2015/01/150103_israel_palestine_funds

No comments:

Post a Comment