အားလုံးမင်္ဂလာပါ

အားလုံးမင်္ဂလာပါ
အားလုံးမင်္ဂလာပါ

Sunday, January 4, 2015

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ဆန္ဒပြပွဲတွေကို အစိုးရက ပိတ်ပင် ထားပေမယ့် ၀န်ကြီးချုပ်ဟောင်း ခါလီဒါ ဇီယာ က တနင်္လာနေ့ ကျင်းပဖို့ စီစဉ် ထား


ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ဆန္ဒပြပွဲတွေကို အစိုးရက ပိတ်ပင် ထားပေမယ့် ၀န်ကြီးချုပ်ဟောင်း ခါလီဒါ ဇီယာ က တနင်္လာနေ့ ကျင်းပဖို့ စီစဉ် ထားတဲ့ သူ့ရဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေး ပါတီ ဆန္ဒပြပွဲကို အစီအစဉ် အတိုင်း ဆင်နွှဲသွားမယ်လို့ ပြောကြား လိုက်ပါတယ်။
သူ့ပါတီကို ထောက်ခံသူ နှစ်ထောင် လောက် မနေ့က ဖမ်းဆီး ခံရတယ် လို့လည်း ခါလီဒါ ဇီယာ က ပြောပါတယ်။
သူကိုယ်တိုင်လည်း ခုချိန်ထိ ရဲတွေ ဝိုင်းထားလို့ သူ့ပါတီရုံး ထဲက ထွက်လို့ မရသေးဘူးလို့ သိရပါတယ်။
စနေ့နေ့ ကတည်းက သူ အဲဒိမှာ အဝိုင်းခံ နေရတယ်လို့ မစ္စ ခါလီဒါ ဇီယာက ပြောပါတယ်။
ဒါပေမဲ့ သူ့ကို လုံခြုံရေး အရ လိုအပ်တဲ့ စောင့်ရှောက်မှု ပေးနေတာသာ ဖြစ်တယ်လို့ အစိုးရ အကြံပေး အရာရှိ တယောက်က ပြောပါတယ်။





Post by-------
BBC Burmese's

No comments:

Post a Comment