အားလုံးမင်္ဂလာပါ

အားလုံးမင်္ဂလာပါ
အားလုံးမင်္ဂလာပါ

Saturday, January 3, 2015

မလှိုင်မြို့ ပြည်သူ့ ဆေးရုံဝင်း အတွင်းမှ ခြောက်တန်းကျောင်းသူ လူသတ်မှု


မလှိုင်မြို့နယ် ဒေသခံ ပြည်သူများ စိတ်ဝင်စားနေသည့် ခြောက်တန်း ကျောင်းသူ လူသတ်မှုအား မြို့နယ်ရဲ တပ်ဖွဲ့က ၂၄ နာရီ အတွင်း ဖော်ထုတ်ဖမ်းဆီး

မလှိုင် ဇန်နဝါရီ ၃

မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာ ခရိုင် မလှိုင်မြို့ ပြည်သူ့ဆေးရုံဝင်း အတွင်း၌ ဇန်နဝါရီ ၁ ရက်ည ၂ နာရီ က ခြောက်တန်း ကျောင်းသူ တစ်ဦး အသတ်ခံ ရသည်။

ဖြစ်စဉ်မှာ မလှိုင်မြို့ ပြည်သူ့ ဆေးရုံဝင်းအတွင်း နေထိုင်သူ မယွန်းပိုးအိ(၁၂ နှစ်) ခြောက်တန်းကျောင်း သူသည် မိခင် ဒေါ်စန်းစန်းအေး (အထက်တန်း သူနာပြု)နှင့် အတူ နေ ထိုင်ပြီး ဒီဇင်ဘာ ၃၁ ရက် ည ၉ နာရီကျော်ခန့်က မိခင်ဖြစ်သူမှာ တာဝန်ပြီးဆုံး၍ နေအိမ်လိုင်းခန်းသို့ ပြန်လာကာ သမီးဖြစ်သူနှင့်အတူ စကားပြောပြီး သံဃာဆောင်ဘက် သို့ ထွက်လာရာ နေအိမ်တွင် သမီး တစ်ဦးတည်း ကျန်ရှိနေခဲ့သည်။

ယင်းနောက် ဒီဇင်ဘာ ၃၁ ရက် ည ၁၁ နာရီကျော်ခန့်တွင် မိခင် ဖြစ်သူမှာ နေအိမ်သို့ ထပ်မံပြန်လာပြီး အိပ်ပျော်နေသည့်သမီးကို စောင်ခြုံ ခြင်ထောင်ထောင်ပေး၍ သော့ပိတ် ကာ သော့ကို ထားနေကျနေရာတွင် ထားခဲ့ကြောင်း၊ ဇန်နဝါရီ ၁ ရက် နံနက် ၂ နာရီတွင် မိခင်ဖြစ်သူမှာ ပြန်ရောက်လာပြီး သမီးအိပ်ခန်း အတွင်းသို့ ဝင်ရောက်ကြည့်ရှုရာ သမီးဖြစ်သူ မယွန်းပိုးအိမှာ မျက်နှာပေါ်တွင် ခေါင်းအုံးဖိလျက် ပေါင်ကြားတွင် ဖက်လုံးကိုခွထားကာ အိပ်ရာပေါ်တွင် သေဆုံးနေသည်ကို တွေ့ရှိသဖြင့် စုံစမ်းအရေးယူပေးပါ ရန် မြို့မရဲစခန်းသို့ တိုင်တန်းခဲ့ ကြောင်း၊ မလှိုင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မိုး၊ မြို့မရဲစခန်းမှူး ဒုတိယရဲမှူး တင်မောင်သန်း၊ နယ်ထိန်းရဲတပ်သား ဝင်းဇော်ဦးနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များသည် အခင်း ဖြစ်စဉ်ကို စစ်ဆေးခြင်း၊ သေဆုံးသူကို ရဲဆေးစာဖြင့် မလှိုင်ပြည်သူ့ဆေးရုံ သို့ ပို့အပ်စစ်ဆေးခြင်းများ ပြုလုပ်ရာ သေဆုံးသူ မယွန်းပိုးအိသည် နှာခေါင်းနှင့် ပါးစပ်ကို လက်ဖြင့်ဖိကာ အသက်ရှူမွန်းကျပ်၍ သေဆုံးသွား ကြောင်း မြို့နယ်ဆရာဝန်ကြီး၏ ဆေး စစ်ချက်ကို သိရသည်။

သို့ဖြစ်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့က မသင်္ကာသူ အေးဇော်(၂၄ နှစ်) မလှိုင်မြို့နယ် ပြည်သူ့ဆေးရုံဝင်း အတွင်းနေသူအား စစ်ဆေးရာ ၄င်း သည် အခင်းဖြစ်သည့် ညတွင် ဆရာဝန်ကြီးနှင့် သူနာပြုဆရာမများ၊ အထွေထွေ လုပ်သားများမှာ ပျော်ပွဲ ရွှင်ပွဲများ ကျင်းပနေသည်ကို သိရှိ၍ ၄င်းတွင် ပိုက်ဆံအသုံးလိုနေသဖြင့် ည ၁ နာရီ ကျော်ခန့်တွင် မိမိမောင်း သည့် ရေစက်အနီး ကပ်လျက်ရှိသော ဆရာမ ဒေါ်စန်းစန်းအေးနေထိုင်သည့် နေအိမ်တံခါးပေါက်ကို ဆွဲဖွင့်ကြည့် ကြောင်း၊ တံခါးပေါက်မှာ သော့ခတ် မထားသဖြင့် အလွယ်တကူဝင်ရောက် ပြီး အခန်းအတွင်း ပိုက်ဆံရှာဖွေခဲ့ ကြောင်း၊ ထိုသို့ရှာဖွေနေစဉ် ၄င်းခန္ဓာ ကိုယ်နှင့် တံခါးကိုတိုက်မိရာ အနီးရှိ ခုတင်ပေါ်တွင် အိပ်ပျော်နေသော ဒေါ်စန်းစန်းအေး၏သမီး မယွန်းပိုးအိ နိုးလာပြီး ယခင်ကတည်းက ရင်းနှီးခဲ့သူ အေးဇော်ကို အစ်ကိုကြီး အခန်းထဲ ဘာလာလုပ်တာလဲဟု မေးရာ ၄င်းက ဘာမှမဟုတ်ပါဘူးဟု ပြောပြီး နောက်သို့ပြန်လှည့်၍ ထွက် သွားရန်ပြုလုပ်စဉ် မယွန်းပိုးအိ (ယခု သေဆုံးသူ)က ကယ်ကြပါဦးဟု အော် သဖြင့် ၄င်းက နှာခေါင်းနှင့် ပါးစပ် တို့ကို ဖိနှိပ်ခဲ့ကြောင်း၊ ကလေးမလေး ငြိမ်သွားမှ လက်ကိုဖယ်ခဲ့ကြောင်း၊ ခန္ဓာကိုယ်အား ကိုင်လှုပ်ကြည့်ရာ အသက်မရှိတော့သည်ကို သိရှိသဖြင့် အနီးရှိ တီဗွီဘေးတွင် ထားရှိသော ငွေကျပ် ၂ဝဝဝဝ ကိုယူပြီး အမြန် ပြန်ထွက်လာကာ ပိုက်ဆံကို ပုဆိုး ခါးကြားတွင်လိပ်ယူ၍ နေအိမ်သို့ ပြန်လာခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့သဖြင့် မလှိုင်မြို့နယ် ဒေသခံပြည်သူ များ စိတ်ဝင်စားနေသည့် ခြောက်တန်း ကျောင်းသူ လူသတ်မှုကို မြို့မ ရဲစခန်းက ၂၄ နာရီအတွင်း ဖမ်းဆီး ဖော်ထုတ်ကာ ပြစ်မှုကျူးလွန်သူ အေးဇော်ကို မြို့မရဲစခန်းက တရားစွဲ တင်ပို့သွားမည်ဖြစ်ကြောင်း သိရ သည်။

ကျော်ကျော်(မလှိုင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment