အားလုံးမင်္ဂလာပါ

အားလုံးမင်္ဂလာပါ
အားလုံးမင်္ဂလာပါ

Monday, December 29, 2014

Feel စားသောက်ဆိုင် ဂက်(စ)အိုး ပေါက်ကွဲ မှုကြောင့် သေဆုံးသူ အမျိုးသမီး ရေဝေးသုသာန်တွင် သင်္ဂြိုဟ်

ဓါတ်ပုံ-စောရွှေယဉ် ဖေ့စ်ဘွခ်
နေပြည်တော် အမြန်လမ်း ၁၁၅ မိုင် ယာဉ်ရပ်နားစခန်းရှိ Feel စားသောက်ဆိုင် Gas အိုး မီးလောင် ပေါက်ကွဲမှုတွင် ဒဏ်ရာရရှိခဲ့ရာမှ ကွယ်လွန်ခဲ့သူ မနော်အိရွှေစင်မြင့် အသက် (၃၀)အား ဒီဇင်ဘာ ၂၈ နေ့ခင်း ၂ နာရီ၌ ရေဝေး ခရစ်ယာန်ဂိုဏ်း ပေါင်းစုံ ဥယျာဉ်တော်၌ ဂူသွင်းသင်္ဂြိုဟ်ခဲ့သည်။

ဒီဇင်ဘာ ၂၄ ရက် ည ၈ နာရီခန့်က Feel စားသောက်ဆိုင် Gas အိုးယိုစိမ့်ရာမှ မီးလောင် ပေါက်ကွဲမှု ဖြစ်ကာ (၁၁)ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ဖြူးမြို့နယ်ရဲစခန်း တာဝန်ရှိသူတဦးက News Watch ဂျာနယ်သို့ ပြောကြားခဲ့သည်။ ယင်းဒဏ်ရာရရှိခဲ့သူ (၁၁)ဦးအနက် မနော်အိရွှေစင်မြင့်၏ ဒဏ်ရာမှာ ပြင်းထန်သောကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်း ကုသမှုခံယူခဲ့ရသည်။

ယင်းကဲ့သို့ ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းကုသခဲ့သော်လည်း မနော်အိရွှေစင်မြင့်မှာ ၈၀ ရာခိုင်နှုန်း အရေပြားများ လောင်ကျွမ်းခဲ့သဖြင့် ဒဏ်ရာကြောင့် ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲ ၁ နာရီခွဲခန့်၌ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆောင် (၁၀)တွင် သေဆုံးခဲ့သည်ဟု သိရသည်။
သေဆုံးခဲ့သူ မနော်အိရွှေစင်မြင့်သည် ခရစ်ယာန်ဘာသာဝင်တဦးဖြစ်သောကြောင့် ရေဝေးသုသာန်၌ ခရစ်ယာန်ဘာသာထုံးတမ်းအစဉ်အလာအရ ရေဝေးခရစ်ယာန်ဂိုဏ်းပေါင်းစုံဥယျာဉ်တော်၌ ဂူသွင်းသင်္ဂြိဟ်ခဲ့ခြင်းဖြစ်ပြီး သားတဦးနှင့် သမီးတဦး ကျန်ရှိခဲ့ကြောင်း သိရသည်။

မနော်အိရွှေစင်မြင့်သည် ဆွာ မှ ရန်ကုန်သို့ ပြန်လာစဉ် ယင်းဂက်(စ)အိုး ပေါက်ကွဲမှုအဖြစ်ဆိုးနှင့် ကြုံတွေ့ကာ ကွယ်လွန်ခဲ့သည်ဟု သိရသည်။ ယင်းမီးလောင်မှု၌ ဒဏ်ရာရရှိသူ ၁၁ ဦးအနက် မနော်အိရွှေစင်မြင့်နှင့် အခြားတဦးသည် ခရီးသွားများဖြစ်ကြပြီး ကျန် ၉ ဦးမှာ Feel စားသောက်ဆိုင်မှ ၀န်ထမ်းများဖြစ်ကြောင်း သိရသည်။

ယင်းမီးလောင်မှုနှင့်ပတ်သက်ပြီး ဖြူးမြို့နယ်ရဲစခန်းမှ ပြစ်မှု ၂၈၅/၃၃၇/ ၃၃၈/၃၀၄-က ဖြင့် Feel စားသောက်ဆိုင်ဝန်ထမ်း မောင်ဝင်းကို (၂၇)နှစ်အား အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကိုခက်၊ ဇော်လတ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal?fref=nf

No comments:

Post a Comment