အားလုံးမင်္ဂလာပါ

အားလုံးမင်္ဂလာပါ
အားလုံးမင်္ဂလာပါ

Tuesday, December 30, 2014

"အမျိုးစောင့်ဥပဒေအမြန်ပြဋ္ဌာန်းပေးရေး အကြံပြုချက် (၁)"

ဆရာတော် သံဃာတော်အရှင်သူမြတ်တို့ဘုရား . . .
ကမ္ဘာပေါ်တွင် မှီတင်းနေထိုင်ကြသော လူသားမျိုးနွယ်များသည် မျိုးနွယ်တူရာ အချင်းချင်း စုဖွဲ့မှီခို၍ အသီးအခြား နေထိုင်လာခဲ့ကြသည်မှစ၍ ယနေ့ ကမ္ဘာ့နေရာအသီးသီးတွင် တိုင်း၊ နိုင်ငံများကွဲပြား ဖြစ်တည်လာခဲ့ရခြင်းဖြစ်ပါသည်။ မိမိတို့ မျိုးနွယ်အလိုက် မတူကွဲပြားသော ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများ၊ ကိုးကွယ်ယုံကြည်မှုများ၊ ဘာသာစကား စသည်များလည်း အသီးအခြားစီဖြင့် ရပ်တည်နေထိုင်လာခဲ့ကြသည်မှာ ခေတ်သမိုင်း အဆက်ဆက် ထင်ရှားသိမြင်ကြပြီး ဖြစ်ပါသည်ဘုရား။
ဤသို့ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၊ ရိုးရာဓလေ့ထုံးစံ၊ ကိုးကွယ်ယုံကြည်မှု ဘာသာစကားများ အစဉ်အဆက် မပျောက်မကွယ် ယနေ့တိုင် တည်ရှိနေရခြင်းသည် မိမိတို့ အမျိုးအနွယ်ကို မပျောက်ပျက်ရလေအောင် ထိန်းသိမ်းစောင့်ရှောက်လာခဲ့ခြင်းကြောင့်သာ ဖြစ်ပါကြောင်း အထူး ဆိုဖွယ်မရှိပါ။ မျိုးဆက်တစ်ဆက်မှ နောက်မျိုးဆက် အဆင့်ဆင့်သို့ လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်တတ်ရန် ဆိုင်ရာ စည်းမျဉ်းစည်းကမ်း သတ်မှတ်ပြဋ္ဌာန်းချက်များဖြင့် တိကျစွာ လိုက်နာ ကျင့်သုံးနိုင်စွမ်း ရှိမှုကြောင့်ဟု ရှုမြင့်မိပါသည်ဘုရား။

မျက်မှောက် ကမ္ဘာ့လူသားများ၏ ကိုးကွယ်ရာ ဘာသာတရားများစွာထဲတွင် ယနေ့ထင်ရှားသော ဘာသာကြီးလေးခုဖြစ်သည့် ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာနှင့် အစ္စလာမ်ဘာသာတို့က အဓိက လွှမ်းမိုးနေကြပါသည်ဘုရား။
သက်ဆိုင်ရာ ဘာသာတရားတိုင်း၏ အဆုံးအမတော်တိုင်းသည် လူသားအားလုံး ငြိမ်းချမ်းစေမည့် ကောင်းကျိုးဖြစ်ထွန်းစေမည့် အဆုံးအမများဟုလည်း ယုံကြည်မိပါသည်ဘုရား။ သို့ပါသော်လည်း ယနေ့ ကမ္ဘာ့နေရာအနှံ့အပြားတွင် ဖြစ်ပျက်ခဲ့သော စစ်ပွဲများ၊ သတ်ဖြတ်ဖျက်ဆီးမှုများ၊ အနိုင်ကျင့်စော်ကားမှုများ၊ အကြမ်းဖက်မှုများစွာကို တစ်စိုက်မတ်မတ်ပြုကျင့်ခဲ့ကြသော အဖွဲ့အစည်းများသည် ဘာသာကြီး (အစ္စလာမ်)တစ်ခု၏ အဆုံးအမကို သက်ဝင်ယုံကြည်သူများဖြစ်နေကြသည်ကို တွေ့မြင်ကြားသိနေရပါသည်။ ထိုဘာသာတရား (အစ္စလာမ်)ကို သက်ဝင်ယုံကြည်သူများသည် မိမိတို့တိုင်းပြည်၏ အနောက်ဖက်တံခါးပေါက်ဖြစ်သော ရခိုင်ပြည်နယ်ကိုလည်း ထိုးဖောက်ဝင်ရောက်လျက် ဌာနေ ရခိုင်တိုင်းရင်းသားများကို အနိုင်ကျင့် သတ်ဖြတ်ခြင်း၊ မြို့/ရွာများ မီးရှို့ဖျက်ဆီးခြင်း၊ တိုင်းရင်းသူလေးများကို အနိုင်ကျင့် စော်ကား ရက်စက်စွာ သတ်ဖြတ်ခြင်းများ ပြုကျင့်ခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီး ယနေ့အချိန်တွင် ပိုမိုထင်ရှား သိမြင်ကြပြီးလည်း ဖြစ်ပါသည်။
ထိုသို့ ပြည်ပမှ မတရားသောနည်းလမ်းဖြင့် ၀င်ရောက်လာကြသော အစ္စလာမ်ဘာသာဝင် ခိုဝင်းဘင်္ဂလီများနှင့် ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင်များ ပူးပေါင်းကြံစည်လျက် မိမိတို့၏ အမျိုးဘာသာ သာသနာတော် ကွယ်ပျောက်ရန် ကြိုးစားအားထုတ်လာခြင်းသာမက တိုင်းပြည် ကွယ်ပျောက်ရန် စနစ်တကျ စီမံကိန်းချ ဆောင်ရွက်လာခြင်းများလည်း သိသာထင်ရှားလာနေပါပြီ။
ဒါကြောင့် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့မှ ကြိုးစားနေသည့် အမျိုးစောင့်ဥပဒေသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသား ၁၃၅ မျိုးအတွက် မရှိမဖြစ် လိုအပ်သည့် ဥပဒေတစ်ရပ်ဖြစ်ပါကြောင်း တင်ပြလိုက်ပါသည်။
ရက္ခ ဗျာလ
20.12.2014

No comments:

Post a Comment