အားလုံးမင်္ဂလာပါ

အားလုံးမင်္ဂလာပါ
အားလုံးမင်္ဂလာပါ

Tuesday, December 30, 2014

အရန်သားဖွားဆရာမသင်တန်းသူများအားထောက်ပံ့ပစ္စည်းများပေးအပ်လှူဒါန်း ၀ါးခယ်မ ဒီဇင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ၀ါးခယ်မမြို့နယ် မြို့နယ်ပြည်သူ့ဆေးရုံ သင်တန်းခန်းမတွင် ဒီဇင်ဘာ ၂၅ ရက် နံနက် ၉ နာရီအချိန်က အရန်သားဖွားဆရာမသင်တန်းသူများအတွက် ၀တ်စုံနှင့်စာရေးကရိယာ ထောက်ပံ့ပေးအပ်ပွဲအားကျင်းပပြုလုပ်ရာ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဦးစောမြသိန်းက အဖွင့်အမှာစကားပြောကြားပေးပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာခင်အေးရီမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားပေးကာ အလှူရှင်များကသင်တန်းသူများအား ၀တ်စုံများ၊စာရေးကရိယာများအားထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးလွင်၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးကျော်လွင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊အလှူရှင်များ၊ကျန်းမာရေးဝန်ထမ်းများတက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။
လွှမ်းသီဟ (မြို့နယ် ပြန်/ဆက်)

No comments:

Post a Comment