အားလုံးမင်္ဂလာပါ

အားလုံးမင်္ဂလာပါ
အားလုံးမင်္ဂလာပါ

Tuesday, December 30, 2014

ပျောက်ဆုံး Air Asia လေယဉ်မှ လူသေအလောင်း ၄၀ ကျော် ဆယ်ယူရရှိထား


စင်ကာပူ အခြေစိုက် Channel News Asia သတင်းဌာန၏ မြန်မာ စံတော်ချိန် ညနေ ၄ နာရီခန့်် ထုတ်ပြန်ချက်အရ တနင်္ဂနွေနေ့ နံနက်ပိုင်းမှ စတင်ကာ ပျောက်ဆုံးလျက်ရှိသော Air Asia လေယဉ်ကြောင်းလိုင်း လေယဉ်ခရီးစဉ်အမှတ် QZ8501 တွင်လိုက်ပါသွားသူများမှ သေဆုံးလျက်ရှိသော လူသေအလေင်း ၄၀ ကျော်ကို အင်ဒိုနီးရှား ရေတပ်ကယ်ဆယ်ရေးအဖွဲ့မှ ဆယ်ယူရရှိထားပြီဟုသိရသည်။

ယခုသတင်းသည် အင်ဒိုနီးရှားရေတပ်ဆက်သွယ်ရေးရေဒီယိုမှရရှိသော သတင်းများကိုအခြေခံကာ AFP သတင်းဌာနမှထုတ်ပြန်ထားသော သတင်းကို ကိုးကားထားခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် အင်ဒိုနီးရှားရေတပ်သင်္ဘော ဘန်တိုမိုပေါ်သို့ လူသေအလောင်း ၄၀ ကျော်ခန့်ဆယ်ယူရရှိထားပြီး ဖြစ်ပြီး အရည်တွက်ပိုမိုများပြားသော လူသေအလေင်းများကို ဆယ်ယူရရှိနိုင်လိမ့်မည်ဟု ရေတပ် သင်္ဘောအရာရှိများ၏ ပြောစကားများအရ သိရသည်။

အောင်ဟိန်းခိုင်၊ ဒီဇင်ဘာ ၃၀

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment