ဝါးခယ်မ သြဂုတ် ၃
ရေဘေးသင့်ပြည်သူများအတွက် ကူညီလှူဒါန်းရန်အသိပေးနှိုးဆော်
ဝါးခယ်မ သြဂုတ် ၃
ဝါးခယ်မမြို့အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ဦးဆောင်ဆရာတော်များ ၀ံသာနုရက္ခိတအဖွဲ့နှင့် အခြားသောပရဟိတအသင်းအဖွဲ့များက ဦးဆောင်၍ ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့လှူဒါန်းသွားမည်ဖြစ်ရာ မြန်မာနိုင်ငံအရပ်ရပ်ရှိ ရေဘေးသင့်ပြည်သူများအတွက် အစားအစာ၊ အ၀တ်အထည်များ၊ ဆေးဝါးများ၊ မိုးကာများနှင့် အလှူငွေများ အရေးတကြီးလိုအပ်နေပါသောကြောင့် အလှူရှင်များမှ မိမိတို့တတ်စွမ်းသ၍ ပါဝင်လှူဒါန်းနိုင်ရန် မြို့နယ်အတွင်း အသံချဲ့စက်များ၊ လက်ကမ်းစာစောင်များဖြင့် အသိပေးနှိုးဆော်လျက်ရှိပြီး လှူဒါန်းကြသောပစ္စည်းများနှင့် အလှူငွေများကို အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) သို့ ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရှိရသည်။
လူသားချင်းစာနာ သနားကျင်နာခြင်းရှိကြကုန်သော မိဘပြည်သူများအနေဖြင့် (ကန်လှကျောင်း- 09251112863, ဒက္ခိဏာရုံကျောင်း- 0949703473, မြို့မကျောင်း- 0949348719, က၀ိသိပ္ပံကျောင်း- 0949703467, ကွမ်းခြံကုန်းကျောင်း- 098537050 ) ကို ဆက်သွယ်ပေးပို့လှူဒါန်းနိုင်ပါသည်။
Post by......လွှမ်းသီဟ
No comments:
Post a Comment